28 C
Yangon

မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် မိုးကုတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၄ ဦးကို ကယ်ထုတ် လွတ်မြောက်လာ

Must read

မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် မိုးကုတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၄ ဦးကို ကယ်ထုတ် လွတ်မြောက်လာ

ရန်ကုန်၊ ဇူလိုင် ၂၈

မိုးကုတ်မြို့ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မိုးကုတ်အကျဉ်းထောင်တွင် စစ်ကောင်စီ၏ ဖမ်းဆီး အကျဉ်းချမှု ခံနေရသော နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၁၄ ဦးကို ကယ်ထုတ်လိုက်ပြီဖြစ်ကြောင်း မိုးကုတ်ဗျူဟာက ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၇ ရက်နေ့ မိုးကုတ်အကျဉ်းထောင်အတွင်းမှ စစ်ကောင်စီ၏ မတရားဖမ်းဆီး နှိပ်စက် အကျဉ်းချမှု ခံထားရသော နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာက လွဲပြောင်းလက်ခံယူခဲ့ပြီး ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကြေညာသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ မိုးကုတ်မြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်းတစ်ခုလုံးကို TNLA က သိမ်းပိုက်ခဲ့ကြောင်း ၊ ဇွန်လ ၂၅ ရက်နေ့ မှစတင်ပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက မိုးကုတ်မြို့နယ် အနောက်ပိုင်းတွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတိုအား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မိုးကုတ်ကျပ်ပြင်ရဲစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင်ပင် မိုးကုတ်မြို့ အနောက်ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ရေးအနေအထားအရ မိုးကုတ်မြို့ အနောက်ပိုင်းတစ်ခြမ်းလုံးကို ဇွန်လ ၃၀ ရက်နေ့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ဇူလိုင်လ ၂၄ ရက်နေ့အထိ မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်တန်းဗျူဟာကုန်း၊ အပေါ်ရဲစခန်း ၊ အချုပ်ထောင်၊ တောင်ပေါ် စေတီကင်းစခန်း၊ မြို့ပတ်လည် ကင်းစခန်း၊ လယ်ဦး၊ အေးစေတီ၊ ကျောက်သင်္ဘောတောင်၊ ပတ္တမြားစေတီတောင်၊ ချမ်းမြေ့သာယာတောင်၊ ကချင်ပန်းမ၊ ဗမွန်ရွာ ကင်းစခန်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများကို တောက်လျှောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မိုးကုတ်အရှေ့ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ရရှိကြောင်း၊ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၁ လတာ ကာလအတွင်း မိုးကုတ်တစ်မြို့နယ်လုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article