27 C
Yangon

ရေစကြိုမြို့ ၊ ခလရ ၂၅၈ တပ်စစ်ဆေးရေးဂိတ်ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်

Must read

ရေစကြိုမြို့ ၊ ခလရ ၂၅၈ တပ်စစ်ဆေးရေးဂိတ်ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့၊ ရေစကြို-ပခုက္ကူလမ်းမကြီးဘေးရှိအကြမ်းဖက်စစ်ကာင်စီ၏ ခလရ ၂၅၈ တပ်စစ်ဆေးရေးဂိတ်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက် နေ့လည်ပိုင်းက ရေစကြိုမြို့၊ရေစကြို -ပခုက္ကူလမ်းမကြီးဘေးရှိအကြမ်းဖက် စစ် ကောင်စီ၏ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၈ တပ်ရင်း ရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တပ်ရင်းရှေ့မှာ ရှိတဲ့ ဂိတ်ကို သွားပစ်ခဲ့တာ၊ ဂိတ်မှာကတော့ ၉ ယောက်လောက်ပဲရှိမယ်။ သွားပစ် တဲ့အချိန်မှာ တပ်ရင်းထဲကနေ ထွက်ပစ်တာများတယ်။ အဲဒါကြောင့် မိနစ် ၂၀ လောက်ပဲ ပစ်ပြီး ပြန် ဆုတ်လာခဲ့တာ၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ အဲဒီဂိတ်က ပခုက္ကူ -ရေစကြိုသွားတဲ့ ကတ္တရာလမ်းမပေါ်မှာ ဖွင့်ထားတဲ့ဂိတ်ပါ” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – ရေစကြို ပကဖနှင့် ပခုက္ကူ ခရိုင် အမှတ် ၉ တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article