25 C
Yangon

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်လိုက်မှုကျန်းမာရေး မိသားစု-မန္တလေး(MFM) က ကျေးဇူးတင်ဂုဏ်ပြုပြီး တိုက်ပွဲတိုင်း အောင်မြင်စေရေး ဆုတောင်းပေး

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ကိုးကန့် MNDAA က သိမ်းပိုက်လိုက်မှုအပေါ် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် စုဖွဲ့ထားသော ကျန်းမာရေး မိသားစု-မန္တလေး(MFM) က ကျေးဇူးတင်ဂုဏ်ပြုပြီး တိုက်ပွဲတိုင်း အောင်မြင်စေရေး ဆုတောင်းပါကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းကာ အုပ်ချုပ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း လားရှိုးမြို့ကို အောင်မြင်စွာ သိမ်းပိုက်ပြီး စစ်ကောင်စီတပ်များကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNTJP/MNDAA) နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကို မြို့နေပြည်သူများ၊ တော်လှန်ပြည်သူများနှင့်ထပ်တူ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲတိုင်းအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ကြောင်း ကျန်းမာရေး မိသားစု-မန္တလေး (MFM) က ဆိုသည်။

ကျန်းမာရေးမိသားစု – မန္တလေး (MFM) သည် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားပြီး တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုမြန်မာ့မြေပေါ်မှ လုံးဝအပြီးတိုင် အမြစ်ပြတ် ပျောက်ဆုံးသွားစေရန် ဦးလည်မသုန် ကြိုးပမ်းအားထုတ်နေသော အဖွဲ့အစည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article