30 C
Yangon

ဇီးပင်ကြီး ဗဟို ဝန်ထမ်းတက္ကသိုလ်တွင် အမေရိကန်၊ တရုတ် မုန်းတီးရေးနှင့် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များသည် မင်းအောင်လှိုင်နှင့် မသက်ဆိုင်ကြောင်းများသာ သင်ကြားနေ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

မန္တလေးတိုင်း၊ ဇီးပင်ကြီး ဗဟို ဝန်ထမ်း တက္ကသိုလ်တွင် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ မုန်းတီးရေးနှင့် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များသည် အကြမ်းဖက် မင်းအောင်လှိုင်နှင့် မသက်ဆိုင်ကြောင်းများသာ သင်ကြားနေကြောင်း သင်တန်းတက်ရောက် နေသူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

လက်ရှိ ဇီးပင်ကြီး ဗဟို ဝန်ထမ်း တက္ကသိုလ်တွင် သင်တန်း တက်ရောက်နေသူများကို နိုင်ငံရေး အဖြစ်အပျက်များသည် မင်းအောင်လှိုင်နှင့် မဆိုင်ကြောင်း၊ အမေရိကန် မကောင်းကြောင်း၊ တရုတ် အလိုမရှိကြောင်းများကို အဓိက သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုလို နိုင်ငံရေးအဖြစ်ပျက်တွေက မင်းအောင်လှိုင်နဲ့မဆိုင်ဘူး။ သောင်းကျန်းသူတွေကြောင့် ဆိုပြီး ဆိုက်ဝါးထည့် သင်ကြားနေတာတွေ ရှိတယ်။ အမေရိကန် မကောင်းကြောင်း၊ တရုတ် အလိုမရှိကြောင်းတွေ သင်ပြီး ဝါဒ ဖြန့်တယ်။ တချို့ သင်ကြားတဲ့ ဆရာမ တွေက အစိမ်းမှ အစိမ်း ဘောမ ဘောငုံတွေ PDF ကြောင့် တိုင်းပြည် ပျက်ရတယ် ဇွတ်ပြောနေတုန်း။ သူတို့ ခရီးသွားတာတောင် ရုပ်ဖျက်သွားနေကြတာ” ဟု သင်တန်း တက်ရောက်နေသူ တစ်ဦးကပြောဆိုသည်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် သင်တန်းသားများ၏ ပိုက်ဆံခိုးခံရခြင်းများ၊ ဆုပေးရာတွင်လည်း ပေးချင်သလို ပေးနေခြင်းများကြောင့် သင်တန်းသားများသည် မကျေနပ်ချက်များ ဖြစ်ပေါ်နေပြီး ဆုပေးရာတွင်လည်း ငွေယူပြီး ဆုပေးနေခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထို့ပြင် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် အောက်ခြေရဲများသည် နေ့ရော ညပါ ကင်းစောင့်ရကာ အိပ်ရေးပျက် ပင်ပန်းကြသည့်အတွက် ထွက်ပြေးသူများလည်း ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article