30 C
Yangon

ချောင်းဦးမြို့နယ်အတွင်းရှိ နှစ်ရှည်စစ်ဘေးရှောင်စခန်းသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများလှူဒါန်း

Must read

ချောင်းဦးမြို့နယ်အတွင်းရှိ နှစ်ရှည်စစ်ဘေးရှောင်စခန်းသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများလှူဒါန်း

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းရှိ နှစ်ရှည်စစ်ဘေးရှောင်စခန်းသို့ We are people အဖွဲ့က တစ်ကိုယ်ရည်သုံးပစ္စည်းများကို ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း We are people အဖွဲ့က တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၂၀၀ ကျော်ရှိပြီး ပြည်သူများသည် ဝယာ၊ ယာကြီးတော၊ ရွှေကျင်၊ ကံဇီးရွာ၊ ကံရွာသစ် (ကံကြီးကုန်း)၊ ကင်မွန်းတော်၊ ကုလားကြီး ရွာများမှ ဖြစ်ကြောင်း၊ ကံကြီးကုန်း ၊ ကင်မွန်းတော် ၊ ကံ ဇီး သုံးရွာသည် ပျူစောထီးရွာများ ဖြစ်ကာ ပျူစောထီးထဲ မဝင်လိုသည့် ပြည်သူများလည်း စစ်ရှောင်စခန်းတွင် လာရောက်နေထိုင်ကြကြောင်း ဒေသပြည်သူများကို ကူညီပေးနေသူများထံမှ သိရှိရသည်။

“ကျန်းမာရေးစောင့်ရှောက်မှုက အရင်ကတော့ တော်တော်လေး ခက်တယ်။ ခုနောက်ပိုင်းတော့ ရဲဘော်တွေ ကုသပေးတဲ့ ဆေးခန်းရှိတဲ့ နယ်တစ်နယ်ကနေ ပြည်သူတွေကို အကြီးစားခွဲစိပ်မှုတွေအထိ ကုသပေးနေပါတယ်”ဟု We are people အဖွဲ့က တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ချောင်းဦးမြို့နယ် တစ်ခုလုံးတွင် စစ်ဘေးရှောင် လူဦးရေက တစ်သောင်းခွဲအထက်ရှိပြီး ထိုအထဲတွင် နေအိမ်များ မီးရှို့ခံရသည့် ပြည်သူများသည် အိမ်ထောင်စု ၄၀၀၀ မှ ၅၀၀၀ ကြားရှိကြောင်း၊ လက်ရှိအချိန်တွင် ချောင်းဦးမြို့နယ်အတွင်း ရေကြီးနေတော့ အချို့စစ်ရှောင်စခန်းများရှိ ပြည်သူများမှာ ထပ်မံ၍ ရေဘေးရှောင်နေရကြောင်း ပြည်သူများကို ကူညီပေးနေသည့်အဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article