30 C
Yangon

တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ၆၀၇ တပ်ရင်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ ၊ စစ်ကား ၁ စီး တိမ်းရှောင်

Must read

တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ၆၀၇ တပ်ရင်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ ၊ စစ်ကား ၁ စီး တိမ်းရှောင်

ရန်ကုန်၊ ဇူလိုင် ၃၁

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ် တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ၆၀၇ တပ်ရင်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် တောင်ငူမြို့ မှလိပ်သိုမြို့ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ၆၀၃ တပ်ရင်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို အပြန်လမ်းတွင် KNU တပ်မဟာ ၂ တပ်ရင်း ၅ တပ်ဖွဲ့နှင့် KNLAတပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ (KenniTwilightZone) တို့က ကားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းတွင် စစ်ကား ၇ စီး ပါဝင်ပြီး ထိုးဝါးကျောင်း တယ်လီနောကုန်း အရောက်တွင် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီ ၁၀ မိနစ်ထိ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကား ၁ စီး တိမ်းမှောက် ပျက်စီးကာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ MA 11 – ၃ လက် ၊ LM16 – ၁ လက် ၊ AK 47 ၁ လက် ၊ K12 ၂ လက် နှင့် MA11 ကျည်ဘောက် ၂ ခု တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွား နေချိန်အတွင်း ကျောက်လုံးကြီးစခန်းမှ အကြမ်းဖက် စစ်တပ်၏ စစ်ကူ အများအပြား ပြန်လည် ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ (KenniTwilightZone) သည် လိုအပ်ချက်များစွာရှိနေသောကြောင့် ပြည်သူများ ကူညီ ထောက်ပံ့ကြရန် မေတ္တာရပ်ခံကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article