30 C
Yangon

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁၀ ဦး သေဆုံး

Must read

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း Tavoy People Liberation Force – TPLF အဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇၀ ခန့်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအ ဝင် ၈ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF၊ ADin Hmue – Dawei (ထားဝယ်-ပကဖ)နှင့် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ – DGRF (ထားဝယ်-ပကဖ) ပူးပေါင်းပါဝင်သည့် သာဂရစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YYPDF)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁)နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ခွဲ (၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article