28 C
Yangon

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်း မြန်မာအမျိုးသားက ဓားဖြင့်ထိုးသတ်လိုက်ပြီး လူသတ်မှုကျူးလွန်သူကို ရဲက ချက်ချင်း ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၆

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာအမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်း မြန်မာအမျိုးသားက ဓားဖြင့်ထိုးသတ်လိုက်ပြီး လူသတ်မှုကျူးလွန်သူကို ရဲက ချက်ချင်း ဖမ်းဆီးလိုက်ကြောင်း မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။

ဧပြီလ ၂၄ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ စီတာပက်ရှိ Genting Court ကွန်ဒိုမီနီယံ အ ဆောက်အအုံဝင်း အပြင်ဘက်တွင် မြန်မာအမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ အမျိုးသမီးမှာ ရင်ဘတ်တွင် ဓားဒဏ်ရာဖြင့် သတိလစ်လဲကျနေသည်ကို ပြည်သူများက စတင်တွေ့ရှိခဲ့ကြောင်း၊ အနီးအနားရှိ လူများက ဝိုင်းဝန်း၍ အမျိုးသမီးကို အသက်ကယ် ဆယ်ရန် (CPR) ပြုလုပ်ပေးခဲ့သော်လည်း ဓားထိုးဒဏ်ရာဖြင့် အမျိုးသမီးမှာ သေဆုံးသွားကြောင်း သိရှိရသည်။

ကွာလာလမ်ပူရဲချုပ် ဖာဒီလ်မာဆပ် (Fadil Marsus) ၏ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့သည် သတင်းရရှိသည်နှင့် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး သံသယရှိသူ မြန်မာအမျိုးသားတစ်ဦးကို ထိုနေရာ၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ အဆိုပါ အမျိုးသားမှာ သေဆုံးသူ၏ ခင်ပွန်းဟောင်းဖြစ်ပြီး လူ သတ်မှု ကျူးလွန်ရခြင်းမှာ သဝန်တိုမှုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ဆိုသည်။

ထို့ပြင် လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ကိုလည်း ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းရမိထားပြီး ဖြစ်သည်။ ကွာလာလမ်ပူဆေးရုံတွင် ရင်ခွဲစစ်ဆေးချက်အရ အမျိုးသမီးမှာ ရင် ဘတ်တွင် ဓားဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုထား သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် မြန်မာအမျိုးသားကို ၇ ရက်ကြာ ချုပ်မိန့် (Remand) ရယူထားကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article