32 C
Yangon

သပိတ်ကျင်းရှိ ချောင်းကြီးရွာကို စစ်တပ်က Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်၊ ကနီတွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော စစ်ရေယာဉ်အုပ်စုနှင့် ရဟတ်ယာဉ်များက ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်

Must read

သပိတ်ကျင်းရှိ ချောင်းကြီးရွာကို စစ်တပ်က Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်၊ ကနီတွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော စစ်ရေယာဉ်အုပ်စုနှင့် ရဟတ်ယာဉ်များက ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့နှင့် ယနေ့ သြဂုတ် ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချောင်းကြီးရွာကို ဇူလိုင်လတုန်းကလည်း နေ့စဉ်ကျဲတာ မနေ့ကနဲ့ ဒီနေ့လည်းထပ်ကျဲတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ရွာထဲကို ပြန်မဝင်ရဲသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ချောင်းကြီးရွာကို ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့ ၇ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်သေဆုံးကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄၈ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော အကြမ်းဖက် စစ်တပ်၏ ရေယာဉ်အုပ်စုနှင့် ရဟတ်ယာဉ်များက ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၂ စီး ၊ ပလက်ခွံ ၇ စီး နှင့် မော်တော် ၃ စီး ပါ စစ်ရေယာဥ်အုပ်စုသည် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့ နမခ မှ တက်လာသော MI-35 ရဟတ်ယာဉ် ၂ စီး ကလည်း ကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Photo – ချောင်းကြီးရွာကို ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ၇ ရက်ဆက်တိုက် အကြမ်းဖက် စစ်တပ်က ဗုံးကျဲ မှုကြောင့် ပျက်စီးသွားသော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article