27 C
Yangon

မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခဲ့သည့် အရပ်သားပြည်သူ ၁ ဦးကို MNDAA က ကယ်တင်၊ ဖမ်းဆီးထားသူကို စစ်ကောင်စီက ပါးစပ်ကို ဓားဖြင့်လှီးပြီး ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်နှက် နှိပ်စက်

Must read

မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခဲ့သည့် အရပ်သားပြည်သူ ၁ ဦးကို MNDAA က ကယ်တင်၊ ဖမ်းဆီးထားသူကို စစ်ကောင်စီက ပါးစပ်ကို ဓားဖြင့်လှီးပြီး ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်နှက် နှိပ်စက်

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မြန်မာစစ်ကောင်စီတပ်က ဖမ်း ဆီးနှိပ်စက်ခဲ့သည့် ပြည်သူ ၁ ဦးကို MNDAA က ကယ်တင်လိုက်ကြောင်း MNDAA တပ်က ပြောဆိုသည်။

လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် MNDAA တပ်က စစ်ကောင်စီတပ် ၏ အမာခံနယ်မြေကို သိမ်းပိုက်ပြီးနောက် မြန်မာစစ်တပ်က ဖမ်းဆီးထားသော မြန်မာအမျိုးသားတစ်ဦးကို တွေ့ရှိပြီး ချက်ချင်း ကယ်ဆယ်ခဲ့ကြောင်း၊ ထိုအမျိုးသားကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှေ့တန်းတပ်များက အဆိုပါအမျိုးသားအား ပတ်တီးစည်းထားပြီး နောက်ဘက်ရှိ ချင်းရွှေဟော် ဆေးရုံသို့ ဆက်လက်ကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအမျိုးသား၏အမည်မှာ ကိုဇော်မျိုးအောင်ဖြစ်ပြီး အသက် ၂၄ နှစ်ရှိ၍ လားရှိုးမြို့တွင် ပန်းရံလုပ်ဆောင်နေကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် သူနှင့် ၎င်း၏ သူငယ်ချင်း “အိုက်လာ” တို့သည် စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအတွက် နေ့စဉ် လိုအပ်သည်များ ဆန်ဆီဖြန့်ဝေရန် ထွက်လာစဉ် လားရှိုး မိုးလုံလေလုံလမ်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထိုအချိန်တွင် အာဏာသိမ်းစစ်တပ်က ကိုဇော်မျိုးအောင်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သံသယ ရှိကာ စစ်ဆေးမေးမြန်းစဉ်တွင် ပါးစပ်ကို ဓားဖြင့် လှီးဖြတ်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့် ရိုက်နှက်ခြင်း ခံခဲ့ရကြောင်း၊ ကိုဇော်မျိုးအောင်၏ သူငယ်ချင်း “အိုက်လာ” မှာ အာဏာသိမ်းတပ်၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ပွဲချင်းပြီး ကျဆုံးခဲ့ကြောင်း၊ ဦးဇော်မျိုးအောင်က အကျဉ်းချခံခဲ့ရကြောင်း သိရှိရသည်။

MNDAA ၏ ကယ်တင်မှုကြောင့် ပြန်လည် လွတ်မြောက်လာသော ကိုဇော်မျိုးအောင်က စစ်ကောင်စီ၏လက်ချက်ကြောင့် ကျဆုံးသွားသော သူ့သူငယ်ချင်း အတွက်အလွန် ဝမ်းနည်းမိကြောင်း ပြောဆိုပြီး သူ့ကို ကယ်ဆယ်ပေးခဲ့သည့် မဟာမိတ်တပ်ဖွဲ့များကို အလွန်ကျေးဇူးတင်ခဲ့ကြောင်း၊ လားရှိုးစစ်ပွဲ မကြာခင် ပြီးဆုံးပြီး ပြည်သူများ၏ ပုံမှန်ဘဝများ အမြန်ဆုံး ပြန်စနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article