ငါန်းဇွန်မြို့နယ်၊ နဝရတ်ရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဝရတ်ရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Youths Of Mandalay (Y.O.M) အဖွဲ့က ပြောဆိုသည်။
သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ နဝရတ်ရွာ ဘုန်းကြီးကျောင်းထဲတွင် ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးက စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Youths Of Mandalay (Y.O.M) နှင့်အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ်( ၆) တပ်ခွဲ( ၃) နှင့် ဧရာ၀တီမင်းသားပြောက်ကျား အဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။