မိုးမိတ်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေး လုပ်ငန်းများ စတင်နေပြီး ပုံမှန်ပြန်လည် လည်ပတ်နေ
ရန်ကုန်၊ ဩဂုတ် ၆
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေး လုပ်ငန်းများ စတင်နေပြီး ပုံမှန် ပြန်လည်လည်ပတ်နေကြောင်း သိရသည်။