29 C
Yangon

ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း၊ စစ်ရှောင် ပြည်သူများ သောင်းနှင့်ချီ ရှိသောကြောင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲ

Must read

ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း၊ စစ်ရှောင် ပြည်သူများ သောင်းနှင့်ချီ ရှိသောကြောင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲ

ရန်ကုန်၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့က စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပြီး စစ်ရှောင် ပြည်သူများ သောင်းနှင့်ချီ ရှိသောကြောင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်ကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ကောလင်းမြို့မှ စစ်ဘေးတိမ်းရှောင်လာသော သောင်းနှင့်ချီသော ပြည်သူများသည် ကောလင်းမြို့နယ် အနောက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သော်လည်း စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ခန့်ရှိသောကြောင့် အစားအစာ၊ ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည်၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကာ စစ်ဘေးရှောင် ပြည်သူများတွင် ကိုယ်ဝန်သည်၊ မသန်စွမ်းနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article