30.5 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၅၆၅၀ ကျပ်အထိ စံချိန်တင် စျေးရောက်ရှိ၊ စစ်ကောင် စီ ဗဟိုဘဏ်က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ အပ်နှံရမည့် ပမာဏကို ၂၅ ရာ ခိုင်နှုန်းအထိ လျှော့ချပေးသော်လည်း ဒေါ်လာစျေးတက်မှုကို မတားဆီးနိုင်တော့

Must read

ရန်ကုန်၊ ဩဂုတ် ၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၆၅၀ ကျပ်အထိ စံချိန်တင်စျေးရောက်ရှိသွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ အမေရိကန်တစ်ဒေါ်လာ ၅၅၈၀ ကျပ်ဖြင့် စျေးပိတ်ခဲ့ပြီးနောက် ယနေ့ စျေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၆၅၀ ကျပ်သို့ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် မြန်မာကျပ်ငွေ သိန်းထောင်ချီကို ဟွန်ဒီဖြင့် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်များ ဝယ်ယူနေမှုများရှိနေကြောင်း သိရှိရသည်။

“ကျပ်တွေ ထုတ်တာ အရမ်းများလာတယ်။ ဟွန်ဒီတွေနဲ့ သိန်းထောင်ချီ ဒေါ်လာဝယ်တယ်။ ဘတ်ဝယ်တယ်။ ယွမ်ဝယ်တယ်။ ကျပ်ငွေတွေ အကုန်ကိုင်မထားကြတော့ဘူး။ ဘာလို့ ဖြစ်လဲမေးရင်တော့ အကြောင်းတရားက တစ်ခုတည်းမဟုတ်ဘူး။ စစ်ဖြစ်နေတယ်။ စစ်ဧရိယာကျယ်လာတယ်။ စီးပွားရေးတွေ လုပ်မရဘူး။ နယ်စပ်ကုန်သွယ်ရေးတွေ မရှိတော့ဘူး။ လက်ရှိ ဖြစ်နေတာတွေ အကုန်လုံးက အကြောင်းတရားပေါ့။တစ်ခုတည်းကိုတော့ ဦးတည်ပြောလို့မရဘူး။ ဒီနှုန်းအတိုင်းသာ တက်နေရင်တော့ ဩဂုတ်လကုန်လောက်ဆိုရင်တော့ ၁ ဒေါ်လာ ၆၀၀၀ ကျော်သွားနိုင်တယ်” ဟု UMFCCI မှ အလုပ် အမှု ဆောင် စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီဗဟိုဘဏ်က ယမန်နေ့ညပိုင်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာကို ၃၅ ရာခိုင်နှုန်း အပ်နှံရန် အမိန့်ထုတ်ထားမှုကို ၂၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ ဖြေလျှော့ကြောင်း ထုတ်ပြန်ကြေညာလာကြောင်း၊ သို့ရာတွင် လက်ရှိတွင် ပို့ကုန်တင်ပို့မှုများ လျှော့ကျနေသည့်အတွက် ယင်းသို့ ပြောင်းလဲမှုက လက်ရှိ ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းမှုကို အဖတ်ဆယ်နိုင် မည်မဟုတ်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

“အစကတည်းက ၃၅/၆၅ အချိုးဆိုတာလည်း မရှိသင့်ဘူးလေ။ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာရလာရင် ၃၅ ရာခိုင်နှုန်းကို ပြည်တွင်းဘဏ်တွေကို ပြန်အပ်ပြီး မြန်မာကျပ်ငွေ ယူခိုင်းတာ။ ဗဟိုဘဏ်သတ်မှတ်စျေး ၂၁၀၀ နဲ့ဖြတ်တာ။ အဲဒါကြီးကအ ဓိပ္ပာပယ်မရှိဘူးလေ။ ကိုယ်ပို့တဲ့ ပို့ကုန်ရငွေ ကိုယ့်ဟာကိုယ် ဘာလုပ်လုပ်ပေါ့။ အစိုးရဆိုတာ အခွန်ကောက်၊ ကုန်သည်က အခွန် ဆောင်ဒီလိုပဲဖြစ်ရမှာ။ အခုက ၃၅ /၆၅ အချိုးဆိုတာက ဘယ်နိုင်ငံမှာမှ မရှိဘူး။ အခုအဲဒါကို ၂၅/၇၅ ပြန်ပြောင်းတယ်။ ဒါပေမယ့် နောက်ကျနေပြီ။ ကျပ်ငွေတန်ဖိုးထိုးကျတာကို အဖတ်မဆယ်နိုင်တော့ဘူး” ဟု UMFCCI မှ အလုပ်အမှုဆောင် စီးပွားရေးသမားကရှင်းပြသည်။

ဓာတ်ပုံ – ဆင်ဟွာ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article