26 C
Yangon

ပခုက္ကူမြို့ လေဆိပ်နှင့် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပခုက္ကူမြို့ လေဆိပ်နှင့် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၈

မကွေးတိုင်း၊ ပခုက္ကူမြို့ လေဆိပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့ လေဆိပ်၌ လာရောက် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများရှိရာ စက်ယန္တရားနှင့် ကားအနီးများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပျူစောထီးများ ထိခိုက်မှုရှိကာ စက်ယန္တရားများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းသွေးနီ၊ ‌ဒေါင်းအလံလွှင့်မည့်စေတမာန်၊ မြိုင်Air fighter၊ ပခုက္ကူပကဖ၊ မြိုင်ပကဖ၊ PKU N PDF နှင့် ကျွန်ုပ်တို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ Shwe Nyar Myae PDFတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force – MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့၊ ​Black Eagle Defence Force-MMU၊ Black Eagle Drone Force ၊ မြင်းမူမြို့နယ် ပလဖ နှင့် ဒေသခံ ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article