27 C
Yangon

တောင်ငူမြို့တွင် ပဲခူးတိုင်း ဝန်ကြီးချုပ် တည်းခိုနေသော တော်ဝင်ကေတုမတီ ဟိုတယ်တွင် လုံခြုံရေး စောင့်နေသော စစ်ကောင်စီ တပ်သားများကို ဗုံးခွဲ တိုက်ခိုက်

Must read

တောင်ငူမြို့တွင် ပဲခူးတိုင်း ဝန်ကြီးချုပ် တည်းခိုနေသော တော်ဝင်ကေတုမတီ ဟိုတယ်တွင် လုံခြုံရေး စောင့်နေသော စစ်ကောင်စီ တပ်သားများကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၈

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကန်တော်ကြီးအနီးရှိ ပဲခူးတိုင်း ဝန်ကြီးချုပ် တည်းခိုနေသော တော်ဝင်ကေတုမတီ ဟိုတယ်တွင် လုံခြုံရေး စောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ငူ မြို့ပြ တော်လှန်ရေးအင်အားစု (မ.တ.အ) တာဝန်ခံ စစ်သူကြီး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးတိုင်း ဝန်ကြီးချုပ် တည်းခိုနေသော တော်ဝင်ကေတုမတီ ဟိုတယ်တွင် လုံခြုံရေး စောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တောင်ငူအခြေစိုက် မြို့ပြတော်လှန်ရေး အင်အားစုက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဒီနေ့ ည ၇ နာရီ ၃၀ မိနစ်လောက်က တောင်ငူမြို့၊ ကန်တော်ကြီးအနီးက တော်ဝင်ကေတုမတီဟိုတယ်မှာ ပဲခူးတိုင်း ဝန်ကြီးချုပ်တည်း ခိုနေပြီး လုံခြုံရေးတွေ ချထားတာကြောင့် အဲလုံခြုံရေးခွေး တွေကို မိုင်းခွဲ တိုက်ခိုက်ခဲံတယ်။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တော့ အထိခိုက်မရှိဆုတ်ခွာနိုင်တယ်။ စစ်ခွေးတွေ ထိခိုက်မှုကိုတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု တောင်ငူမြို့ပြ တော်လှန်ရေးအင်အားစု (မ.တ.အ) တာဝန်ခံ စစ်သူကြီး က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article