27 C
Yangon

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက် သိမ်းဆည်းရရှိကာ PDF ၂ ဦးကျဆုံး

Must read

စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ရန်ကုန်၊ ဩဂုတ် ၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၁၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက်သိမ်းဆည်းရရှိကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြား သည်။

ဩဂုတ်လ ၅ ရက်နေ့မှ စ၍ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးခစန်းကို မြိုင်မြို့နယ်အတွင်းရှိ တော် လှန် ရေးအဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၅ ရက်နေ့တွင် စစ်တပ် ကာ ကင်း စခန်းတစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ နောက် ဩဂုတ်လ ၆ ရက်နေ့တွင် ကာကင်း စခန်း ၂ ခုကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်ရရှိပြီးနောက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ချ အညံ့ခံ ရန်တောင်းဆိုခဲ့သော် လည်း လက်နက်ချ အညံ့ခံခြင်းမရှိဘဲ လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကူခေါ်ကာ ခုခံနေသဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိုင်မြို့နယ်၊ စက်မှု ၂ ရှိ စစ်တပ်စခန်းဘက်သို့ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ တပ်စခန်းအတွင်း နယ်မြေရှင်းစဉ် MA4 သေနတ် ၁ လက် ၊ ကာဘိုင် သေနတ် ၁ လက် ၊ G3 သေနတ် ၂ လက် ၊ G4 သေနတ် ၁ လက် ၊ M16 သေနတ် ၁ လက် ၊ 12 ဗို့ သေနတ် ၂ လက် ၊ 79 မမ လက်နက်ကြီး ၁ လက် ၊ 60 MM လက်နက်ကြီး ၁ လက် ၊ ဂျန်ပါစက် ၁ လုံး နှင့် လက်နက် ခဲယမ်း အများ အပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို မြိုင်ပကဖ ၊ ပကဖ တပ်ပေါင်းစု အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင် အ မှတ် ၁ ၊ ၂ ၊ ၆ ၊ ၇ ၊ ၁၀ ၊ ၁၄ ၊ ၁၅ ၊ ၁၇ တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ၊ ပေါက်ပကဖ ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး ၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နှင့် ဒေသတွင်း တော် လှန်ရေးအင်အားစုများ ၊ ပြည်သူလူထုများက အတူတကွ‎စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည် ။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ ၁၂ ကြိမ်တိုင်တိုင်ပစ်ကူ ပေးခဲ့သည့်အပြင် ပြည်သူများစစ်ရှောင်နေသည့် ပေါက်မြို့နယ်ရွာသစ်စုကျေးရွာ ဘုန်းကြီးကျောင်း ကိုလည်း အကြောင်းမဲ့ဗုံးကျဲခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article