ရန်ကုန်၊ ဩဂုတ် ၉
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့တွင် အမျိုးသားညီညွတ်ရေးအစိုး-NUG ကို အသိအမှတ်ပြုရေး ချီတက်ဆန္ဒပြကြကြောင်း သိရှိရသည်။
ယမန်နေ့ ကျရောက်သည့် ရှစ်လေးလုံး ၃၆ နှစ်ပြည့်အဖြစ် ဖိလစ်ပိုင်-မြန်မာအသင်း၊ ဖိလစ်ပိုင်အလုပ်သမားအဖွဲ့၊ ဖိလစ်ပိုင် Trade Union အဖွဲ့ တို့မှ တာဝန်ရှိသူများက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရှေ့သို့ ချီတက် ဆန္ဒပြကြကြောင်း၊ တောင်းဆိုချက်များအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်သွားရန်နှင့် NUG အစိုးရကို အသိအမှတ်ပြုရန် မိုးထဲလေထဲတွင် ချီတက် ဆန္ဒပြကြကြောင်း၊ ဖိလစ်ပိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ NUG အစိုးရကို အသိအမှတ်ပြုရေး တောင်းဆိုစာကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar