32 C
Yangon

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ခရီးသည်တင်ကား ၂ စီးဖြင့် သွားလာနေသော စစ်သားများ ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

Must read

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ခရီးသည်တင်ကား ၂ စီးဖြင့် သွားလာနေသော စစ်သားများ ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာကြားတွင် ခရီးသည်တင်ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများကို တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defense Force – MMU မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ခရီးသည်တင် – Express ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၆၀ ခန့်ကို မြင်းမူမြို့နယ်၊ မုံရွာ -မန္တ လေး လမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာကြား အရောက် လက်နက်ငယ် မျးဖြင့် ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ခန့် အပြင်း အ ထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ပထမဆုံးခရီးသည် ကားမှာ မီတာ ၁၀၀ ခန့်အကွာအဝေးအရောက် ထိုးရပ်သွားပြီး ကားပေါ်ပါ ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားများမှာလည်း အော်ဟစ်ညည်းညူ နေသည်ကို ကြားသိခဲ့ရကြောင်း Black Eagle Defense Force – MMU မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မုံရွာဘက်ကနေ စစ်ကိုင်းဘက်ကို လာတာ။ စစ်မှု ထမ်းသင်တန်းအသစ်တွေကို စစ်ကိုင်း၊ မန္တလေး ဘက်ကို သွားပို့ဖို့လို့ သိထားတယ်။ ထိ တာကတော့ ၂ စီးလုံးထိတာပဲ။ ပထမဆုံး မဟာနွယ် Express ကားကတော့ မီတာလောက်အကွာ မှာထိုးပြီးရပ်သွားတယ်။ ကားကတော့ လမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်တပ် စခန်းထဲကို ရောက်သွားတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ စစ်ကိုင်းပို့လိုက်တယ်လို့ ကြား တယ်။ “ ဟု Black Eagle Defense Force – MMU မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြို့နယ် ပကဖ)မှ ဦးဆောင်ကာ မြင်းမူမြို့နယ် ပလဖ နှင့် Black Eagle Defense Force – MMU တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရရှိခဲ့ပြီး ကျန်ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article