ရန်ကုန်၊ ဩဂုတ် ၁၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့၏ လုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဝင်းသူကို PDF များထံသို့ ကျည်ဆန်ရောင်းစားမှု အပါအဝင် ပြစ်မှုများစွာဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဂန့်ဂေါမြို့အမြောက်တပ် အတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းဖြည့်တင်းရန် ရောက်ရှိလာသည့် ရဟတ်ယာဉ်ဖြင့် ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ဗိုလ်ကြီးမျိုးဝင်းသူ၏ ဇနီး ကလည်း ၎င်း၏ ခင်ပွန်းဖြစ်သူကို အိမ်ထောင်ရေး၊ လူမှုရေးဖောက်ပြန်မှုဖြင့် တရားစွဲဆိုထားကြောင်း ၊ ဇနီး၏ ဖခင်မှာ စစ်တပ်အရာရှိကြီး တစ်ဦးဖြစ်ကြောင်း၊ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း PDF များထံ ကျည်ဆန် များ ရောင်းစားသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။
“ ဒီလ ၁၀ရ က်နေ့ မနက် ၁၁ နာရီလောက်မှာ ဆင်းတဲ့ ပဇင်းနဲ့ ပါသွားပြီ။ သူ့ကို လက်ကို နောက်ပြန်လက် ထိပ်ခတ် ထားတယ်။ ပြီးတော့ ခန္ဓာကိုယ်တခုလုံးကိုလည်း ကြိုးနဲ့တုတ်ထားပြီးခေါ်သွားတာ။ ကြားတာ ကတော့ သူ့ မိန်းမ ဘက်ကနေ အမှု ၇ မှုနဲ့ ဆက်ပြီး တရားစွဲထားတယ်ပြောတယ်။ သူ့မိန်းမရဲ့ အဖေ ဖြစ်သူကလည်း အထက်ကလူကြီးဖြစ်နေတော့ ဖမ်းခေါ်ခိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ ဒီ ဖက်မှာလည်း ကျည်ဆန်ရောင်းတဲ့အမှုတွေနဲ့ ဆက် စပ်နေတာကြောင့်ဖြစ်မယ်။ ခန္ဓာကိုယ်တခုလုံးကို ကြိုးနဲ့ တုတ်ပြီးကိုခေါ်သွားတယ်လို့ သိရပါတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။
ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါခရိုင်ရုံးမှ ဒုရဲအုပ် ရဲမေတစ်ဦးနှင့် အိမ်ထောင်ရေးဖောက် ပြန်ကာ ဂန့်ဂေါမြို့ပေါ်တွင် ပေါင်းသင်း နေထိုင်ကြောင်း သိရှိရသည်။
ဗိုလ်ကြီး မျိုးဝင်းသူသည် ၂၀၂၁ ခုနှစ်တွင် ဂန့်ဂေါမြို့နယ် ကျောမြို့အခြေစိုက် ကပစ ၂၃ မှ ဂန့်ဂေါမြို့ လုံခြုံ ရေးတာဝန်ဖြင့် ရောက်ရှိလာသူဖြစ်ကြောင်း၊ ၎င်းတာဝန်ယူထားစဉ်ကာလအတွင်း ဂန့်ဂေါမြို့ပေါ်ရှိ ပျူ စောထီးခေါင်းဆောင် P2 ဖိုးဇော်နှင့် ပူးပေါင်းကာ မြို့ပေါ်ရှိပြည်သူများအား မတရားဖမ်းဆီး ငွေညှစ် ခြင်း၊ KTV ၊ ပြည့်တန် ဆာအခန်း၊ ၂ လုံး၊ ၃ လုံး၊ လောင်း ကစား၊ ဖဲဝိုင်း၊ ကြက် ဝိုင်း၊ မူးယစ်ဆေးဝါး စသည့် ရောင်းဝယ် ဖောက် ကားခြင်းအပါအဝင် စစ်တပ်ပိုင် ကျည်ဆန်များကိုလည်း PDF တပ်ဖွဲ့များထံ ရောင်းချပေးမှုရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar