ရန်ကုန်၊ ဩဂုတ် ၁၄
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ နံနက်ပိုင်း အမေရိကန်ဒေါ်လာစျေးများ ပြန်လည်ကျဆင်းပြီး ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်လည် မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“မနက်ပိုင်းတော့ အရွက်က တစ်ဒေါ်လာကို ၆၅၀၀ ဝန်းကျင်ရောက်လာတယ်။ ထိုင်းဘတ်လည်း ကျတယ်။ ကျပ်ငွေတန်ဖိုး နည်းနည်းပြန်တက်လာတယ်။ ဘတ်ပေးကျပ်ယူ- ၅၉၀ ၊ ကျပ်ပေး ဘတ်ယူကို – ၅၅၀ လောက်အထိ ပြန်တက်လာတယ်။ စျေးကွက် အဖွင့်မှာ ကျပ်စျေး ပြန်တက်တယ် ပြောရမယ်။ စျေးအရမ်းအတက် အကျ မကြမ်းရင် အလုပ်လုပ်သာတယ်။ အတက်အကျ ကြမ်းလွန်းရင် အလုပ်လုပ် မရတာ” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ဆိုသည်။
ယမန်နေ့ ညနေပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၇၀၀၀ ကျော်နှင့် ထိုင်း တစ်ဘတ်လျှင် ငွေကျပ် ၂၀၀ ကျော်အထိ စျေးနှုန်းများမြင့်တက်ခဲ့သော် လည်း ယနေ့ နံနက်ပိုင်းတွင်မူ ကျပ်ငွေတန်ဖိုးများ အနည်းငယ် ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီ လုပ်ငန်းရှင်များအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာ ရောင်းချ ပေးနိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာရရှိရေး နည်းလမ်းများ ရှာဖွေနေကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar