30 C
Yangon

စံချိန်တင် မြင့်တက်ခဲ့သော အမေရိကန်ဒေါ်လာစျေးနှုန်းများ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၉၅၀ ကျပ်အထိ ကျဆင်း

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သော အမေရိကန်ဒေါ်လာစျေးနှုန်းများ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၉၅၀ ကျပ်အထိ ကျဆင်းလာကြောင်း နိုင်ငံခြားငွေလဲဒိုင်များထံမှ သိရှိရသည်။

“ဗဟိုဘဏ်က ဆီသမားတွေကို ဒေါ်လာ သန်း ၁၀၀ ရောင်းပေးမယ်ဆိုတဲ့ သတင်းကြောင့် ဒေါ်လာစျေး ပြန်ဆင်းတယ်။ စျေးစဖွင့်တော့ ၆၇၀၀ လောက်စဖွင့်တယ်။ တအိအိပြန်ဆင်းလာတာ။ အခုတော့ တစ်ဒေါ်လာ ၅၉၅၀ လောက်ရှိနေတယ်။ အရွက်ဝယ်မယ်ဆိုရင်တော့ ၆၀၀၀ အပေါ်လေးမှာ ပေးရမယ်။ ၆၀၀၀ အောက်တစ်ပတ်ချာလည်မှာပဲ စျေးငြိမ်မယ့်သဘောမြင်ရတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။

လတ်တလော အနေအထားအရ ငွေစျေး အနည်းငယ် ပြန်လည် အေးမည်ဖြစ်သော်လည်း အချိန်အနည်းငယ်အတွင်း ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ရန်ရှိနေကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီအနေဖြင့် သွင်းကုန်သမားများအတွက် လိုသ လောက် ဒေါ်လာ ထုတ်ရောင်းနိုင်မှသာ ဒေါ်လာတန်ဖိုးပြန်လည်မြင့်တက်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ စစ်တပ်တွင် နိုင်ငံခြားဝင်ငွေ အလွန်နည်းပါးကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် စစ်ကောင်စီက နိုင်ငံခြားငွေများ အမြဲတမ်း အသုံးပြုနေရကြောင်း ရန်ကုန်စီးပွားရေးသမားတချို့က ဆိုသည်။

လတ်တလော ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၅ သိန်းဝန်းကျင်တွင်ရှိနေကြောင်း၊ စျေးကွက်အတွင်းတွင် ရွှေဆိုင်အများစုက အခေါက်ရွှေ အရောင်းရပ်ထားပြီး အဝယ်သာ ပြန်လည် လက်ခံကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article