27 C
Yangon

ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာ ရဲစခန်းနှင့် အနီးတဝိုက်တွင် နေထိုင်သော ပြည်သူများ ရွှေ့ပြောင်းနေထိုင်ကြရန် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက အသိပေး

Must read

ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာ ရဲစခန်းနှင့် အနီးတဝိုက်တွင် နေထိုင်သော ပြည်သူများ ရွှေ့ပြောင်းနေထိုင်ကြရန် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၆

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာ ရဲစခန်းနှင့် အနီးတဝိုက်တွင် နေထိုင်သော ပြည်သူများ ရွှေ့ပြောင်းနေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ ရဲစခန်းအနီးတွင် နေထိုင်သော ပြည်သူများ ပြောင်းရွှေ့ကြရန် အသိပေးကြောညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။

မဲဇလီကျေးရွာ ရဲစခန်းတွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းခြင်း၊ စစ်ရေးလုပ်ဆောင်ရန် စုဝေးခြင်းများကို ပြုလုပ်နေခြင်းကြောင့် ထုတ်ပြန်ချက် အမှတ်(၀၃/၂၀၂၄) အရလည်း ပုသိမ်-မုံရွာ လမ်းပိုင်း အခြေအနေကို ပြည်သူများအား အသိပေးပြီးဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ပြည်သူတွေ မထိခိုက်စေချင်လို့ပါ။ အကြမ်းဖက် စစ်တပ်က အင်အား ၁၂၀ နီးပါး တိုးထားပြီးတော့ စစ်ရေးလုပ်ဆောင်ဖို့ ပြင်ဆင်နေလို့ပါ။ တိုက်ခိုက်မယ် မတိုက်ခိုက်ဘူးဆိုတာထက် စစ်ရေးဖြစ်ပေါ်လာခဲ့ရင် ပြည်သူတွေထိခိုက်မှာစိုးလို့ကြိုတင်အသိပေးတဲ့သဘောပါ” ဟု မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ မဲဇလီစခန်းနှင့် အနီးတဝိုက်တွင် စစ်ဆင်ရေးများ ဖြစ်ပေါ်လာနိုင်သဖြင့် ယခုကြေညာချက် ထုတ်ပြန်သည့်အချိန်မှစ၍ ရွှေ့ပြောင်းနေထိုင်ကြပါရန် အသိပေးအပ်ကြောင်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article