26 C
Yangon

ရွှေဘို နှင့်တောင်သာမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်၊ စစ်ကြောင်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ရွှေဘို နှင့်တောင်သာမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်၊ စစ်ကြောင်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တို့တွင် စစ် တပ် စစ်ဆေးရေးဂိတ်၊ စစ်ကြောင်းများနှင့်ရဲစခန်း များကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံး ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝသို့ ထွက်လာပြီး ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက Fixed Wings Drone ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၈ ဦး ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နယ်စီးမခြားရွှေဘိုသား-LPDF Drone တပ်ဖွဲ့နှင့် ခင်ဦးမြို့နယ် နဂါးညီနောင် Drone တပ်ဖွဲ့တို့က Drone များဖြင့် ဗုံးသီး ၆ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သားများ ဖရိုဖရဲဖြစ်ကာ စစ်သား ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရှိရသည်။

အလားတူ တောင်သာမြို့နယ်အတွင်းတွင်လည်း မြင်းခြံခရိုင် အထူစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်များကို တောက် လျှောက် ဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ် ပြန်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ တောင်သာမြို့နယ်မကျီးရိုးဂိတ်နှင့်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဩ ဂုတ်လ ၁၃ ရက်နေ့ တောင်သာမြို့ နယ်၊ရုံးစဥ်ကြီးတိုက်နယ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၆ လုံး ချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အထိခိုက်မသိရှိရ သေးကြောင်း၊ ရဲများအပြင်မထွက်ရဲဘဲ ရဲစခန်းအတွင်းမှ​ သေနတ်များဖြင့် ရမ်းသမ်း ပစ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article