27 C
Yangon

ဒီပဲယင်းမြို့နှင့် အနီးအနားရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ဒီပဲယင်းမြို့နှင့် အနီးအနားရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့် အနီးအနားရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဒီပဲယင်းမြို့နှင့် အနီးအနားရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၂၀၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများကို ဒီပဲယင်းမြို့နယ် ပအဖ က စားနပ်ရိက္ခာ အချို့ ထောက်ပံ့ထားပြီး လုံလောက်မှုမရှိကြောင်း သိရသည်။

“စစ်ဘေးရှောင် ဦးရေကတော့ ၂၀၀၀၀ လောက်ရှိမယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးကတော့ လုံလောက်မှု ဘယ်ရှိပါ့မလဲ။ ကုန်ဈေးနှုန်းက အရမ်းကြီးနေတာ ပြီးတော့ ကုန်စိမ်းကလည်း ရှားနေတာဆိုတော့ပေါ့။ စစ်ရှောင်လက်ခံထားတဲ့ ကျေးရွာတွေကလည်း ဖြစ်နိုင်သမျှတော့ အဆင်ပြေအောင် ကြိုးစားပြီး ထောက်ပံ့နေသလို ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေလည်း ဝိုင်းဝန်းကူညီ ထောက်ပံ့နေကြပါတယ်။ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း အ‌တက်နိုင်ဆုံးလှည့်လည်ထောက်ပံ့ဖြည့်ဆည်းပေးနေပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နှင့် အနီးတဝိုက်ရှိ သပြေသာ၊ ဝဘာ၊ မဲသည်၊ အောင်ချမ်းသာ၊ ယင်းတွေ၊ ညောင်ကြီးကုန်း အစရှိသည့်ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အလွန်အကျွံပြန်လုပ်ကာ မြေပြင်မှ စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article