ရန်ကုန်မြို့ မှော်ဘီ ရဲတပ်ရင်း ၅ မှ တပ်သား သီဟ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်
ရန်ကုန်၊ ဩဂုတ် ၁၉
ရန်ကုန်မြို့ မှော်ဘီ ရဲတပ်ရင်း ၅ မှ တပ်သား သီဟ သည် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ ရဲတပ်ရင်း ၅ မှ ရဲတပ်သား သီဟ သည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော ရဲတပ်သား သီဟ သည် G-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၂၀၀- တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာသောကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း အဆိုပါ မှော်ဘီမြို့နယ် ရဲတပ်ရင်း ၅ မှ ရဲတပ်သား မျိုးချစ်သူ လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။