29 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • လားရှိုးမြို့မှာ လူငယ်တွေကို စစ်သားစုဆောင်းတာတွေ ၊ စစ်မှုမထမ်းမနေရ သတ်မှတ်တာတွေ လုံး၀ မပြုလုပ်တဲ့အကြောင်းကို MNDAA က မြို့ခံပြည်သူတွေကို ရှင်းလင်းပြောကြားခဲ့တဲ့ အပြင် ၊လားရှိုးပြည်သူတွေ အင်တာနက်အသုံးပြုလို့ရအောင် ရပ်ကွက်တစ်ခုစီမှာ ဆက်သွယ်ရေး ကွန်ရက် ဆာဗာတစ်ခုစီ တပ်ဆင်ပေးပြီး အခမဲ့ သုံးခွင့်ပေးမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်က အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က အိမ်ပေါ်အထိတက်ပြီးတော့ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်းနေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် ၊စစ်တွေမြို့နယ်က ဗျိုင်းဖြူကျေးရွာနေအသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် အမျိုးသမီးငယ် ၃ ဦးထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေက အဓမ္မပြုကျင့်ခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article