30 C
Yangon

မြင်းခြံမြို့နယ်ရှိ ခမရ ၁၅ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ခမရ ၁၅ တပ်ရင်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း Myingyan District Army – 1 – 801 တပ်ဖွဲ့က ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အထိုင်စခန်းကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းနှင့် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များက “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” ၏ စစ်ဆင်ရေး တစ်ခုအနေဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၄ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး စခန်း စွန့်ခွာ သွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း မြင်းခြံမြို့နယ် ပကဖ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းနှင့် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များက “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” ၏ စစ်ဆင်ရေးတစ်ခုအနေဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ရိပ်သာကို ထိမှန် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ သစ်ပင်ရှည်ကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း နှင့် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား နှင့် ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခမရ (၁၅) တပ်ရင်း အတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ညနေ ၃ နာရီခန့်တွင် မြင်းခြံမြို့ပေါ်မှ ပျူစောထီးများဖြင့် အင်အားပူးပေါင်းကာ ပျော်ဘွယ်၊ စံပြကျေးရွာကို ထပ်မံစစ်ကြောင်းထိုးလာသောကြောင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲသည် ၁ နာရီခန့် ကြားမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် အများအပြား သေဆုံးခဲ့ပြီး ပြန်လည် ဆုတ်ခွာကြောင်း၊ အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဟောင်ဝှစ်ဇာ၊ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားနိုင်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်မှ မြင်းခြံ – နွားထိုးကြီး ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာ ဘုရားဝင်းအတွင်းတွင် နေရာယူတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း နှင့် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သားများမှာ နေရာယူ တပ်စွဲထားသော ဘုရားဝင်းအတွင်း ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ ဘုရားဝင်းအတွင်းမှ စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး မြင်းခြံမြို့ပေါ်ရှိ ခမရ (၁၅) တပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိ နယ်မြေရှင်းလင်းရေးပြုလုပ်ကာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Myingyan District Army – 1 – 801 တပ်နှင့်အတူ မြင်းခြံခရိုင် အမှတ် (၂)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း ၊ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ နွားထိုးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်အတွင်းရှိ Local PDF မဟာမိတ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article