27 C
Yangon

လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၅ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၅ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၂၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ ရေတပ်နှင့် တော်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

ထို့ပြင် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေပြီး ပန်းတင်အင်းကျေးရွာကို ရောက်ရှိနေပြီး နေအိမ် တချို့ကို ဖျက်ဆီးကာ စားသောက်ကုန် ပစ္စည်းများနှင့် ပြည်သူများ မွေးမြူထားသော ကြက်များကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။

“လောင်းလုံးမြို့နယ်က ကျေးရွာတွေကို စစ်ခွေးတွေရဲ့ ရေတပ်ရော တောင်ပေါ်မှာ တပ်ထိုင်ချတဲ့ စစ်ခွေးစခန်းကကော ၅ ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ စစ်ခွေးတွေ ပစ်ခတ်မှုကြောင့် ပြည်သူ့ ၃ ဦးတော့ ထိခိုက်မှုရှိနေပါတယ်။ သဘော့ဆိပ်ကျေးရွာနဲ့ ပြင်ကြီးရွာတွေက ပြည်သူတွေတော့ ရွာလုံးကျွတ် ထွက်ပြေးကုန်ပြီ မနေ့က မောင်းမကန်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းဝင်မွှေနှောက်တာတွေလုပ်တယ်။ ပြည်သူပိုင် နေအိမ်တွေကို မွှေနှောက်ပြီး စားသောက်စရာတွေ ယူသွားပါတယ်။ ဒီနေ့တော့ ပန်းတင်အင်းကျေးရွာထဲ စစ်ကြောင်းဆက်လက်ဝင်လာပြီး အိမ်တစ်ချို့ ဖျက်ဆီးတယ်။ စားသောက်စရာနဲ့ အိမ်မွေးကြက်တွေကိုလည်း ယူသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article