27 C
Yangon

ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာတွင် တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး

Must read

ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာတွင် တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ လိပ်ပေါ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ် ၂၁ ရက် နံနက် အစောပိုင်း ၂ နာရီ ၂၃ မိနစ်အချိန်တွင် ဖြူးမြို့နယ်၊ လိပ်ပေါကျေး ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နံနက် ၂ နာရီ ၃၀ မိနစ်အချိန်တွင် မြေပြင်စစ်ကြောင်းမှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဖြူးဘက်နေ အင်အားတွေဆင်းလာပြီး ထပ်တိုးလာနေတယ်၊ တိုက်ပွဲက ဆက်ဖြစ်နိုင်တာမို့ မိဘ ပြည်သူတွေအနေနဲ့ စခ၊ ရခ တွေနဲ့ ဝေးဝေးနေပေးကြပါ၊ အချင်းချင်း ချိတ်ဆက်ပြီး သတင်းထောက် ပါ။ စခ၊ ရခ လာတယ်ကြားရင်ရှောင်နေကြပါ။ လေကြောင်းလုံခြုံရေးအတွက် ပုန်းခိုကျင်းတွေ ခိုင် ခိုင်မာမာ လုပ်ထားပါ။ လူ့အသက်က အရေးကြီးဆုံးပါပဲ။ ဒီစခ၊ ရခတွေက ခိုးမယ်၊ မီးရှို့မယ် ၊ မုဒိမ်း ကျင့်တာတွေရှိတယ်ဆိုတော့ ဝေးဝေးနေတာက ပိုကောင်းပါတယ်” ဟု ဖြူးမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာသးည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် ဒေါင်းဖြူစစ်ကြောင်းတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင် ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article