30 C
Yangon

ပြည်မြို့တွင် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါ အဝင် ကျောင်းသား တချို့ကို တပ်သား သစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား

Must read

ပြည်မြို့တွင် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါ အဝင် ကျောင်းသား တချို့ကို တပ်သား သစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား

ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊မြို့သစ်ရပ်ကွက် ၃ လမ်းတွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါအဝင် ကျောင်းသား တချို့ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း အဆိုပါရပ်ကွက်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း ပြည်မြို့ ၊ မြို့သစ်ရပ်ကွက် ၃လမ်းမှ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို သည် ကျောင်းဘောလုံးပြိုင်ပွဲမှ အပြန်မိုးရွာနေသဖြင့် ကျောင်းဝတ်စုံ ကိုကျောင်းကျောပိုးအိတ်ထဲထည့်၍ သူငယ်ချင်း ကျောင်းသား ၂ ဦးနှင့်အတူ စက်ဘီးစီးအိမ်ပြန်လာစဉ် စစ်ဆေးရေးလုပ်နေသော စစ်တပ်နှင့်ရဲများက ဖမ်းဆီးသွားကြောင်း၊ တပ်သားသစ်များအဖြစ် စုဆောင်းရန် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” မောင်ဝင်းကိုကိုက အထက၂ မြို့သစ်၊ ပြည်မြို့ ၊ အတန်းပိုင်ဆရာမ ဒေါ်သီတာထွန်းရဲ့ အတန်းမှ ၇ ကျောင်းသားဖြစ်ပါတယ်။ သူက မိဘတွေလည်းမရှိကြတော့ပါဘူး။ အခု ပေါ်တာဆွဲခံရတော့ လိုက်ရွေးမယ့်မိဘလည်းမရှိပါဘူး။ ကူညီနိုင်သူများ ကူညီပေးကြပါဦး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်၏ ဖမ်းဆီးခံထားရသူ ကလေးများသည် ကျောင်းသားများ ဖြစ်ကြောင်း သက်သေအထောက်အထားနှင့် ပြန်လည် ထုတ်ယူနိုင်ရန် ကြိုးပမ်းနေသော်လည်း ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် ပြန်လည် ရွေးထုတ်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

ပဲခူးတိုင်းတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများ စစ်ကောင်စီဘက်က အရှိန် အဟုန် မြှင့်လုပ်ဆောင်နေပြီး လက်ရှိတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်း ရရှိထားသော စာရင်းဇယားများအရ လက်ပံတန်းမြို့နယ်တွင် လူငယ် ၃၀ ဦး ကျော်၊ မင်းလှမြို့နယ်တွင် လူငယ် ၅၀ ဦးကျော်၊ အုတ်ဖိုမြို့နယ်တွင် လူငယ် ၃၀ ဦး ကျော်၊ ကြို့ပင်ကောက်တွင် လူငယ် ၂၀ ဦးကျော်၊ ဇီးကုန်းမြို့နယ်တွင် လူငယ် ၁၅ ဦး စုစုပေါင်း ၁၄၅ ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article