27 C
Yangon

ဖြူးနှင့် ရွှေဘိုမြို့နယ် တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ဖြူးနှင့် ရွှေဘိုမြို့နယ် တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ် သား များကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာနှင့် သစ်ချောက်ခင်ကျေးရွာ အကြားတွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သား ၁၅ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံခဲ့ကြောင်း သိရသည်။

“ဖြူးမြို့ အရှေ့ဘက် ဝဲကြီးကျေးရွာကနေ ထွက်လာတဲ့ စစ်ခွေး ၁၅ ကောင်ကို တိုက်ကင်း ထွက်လာတဲ့အချိန် ဝဲကြီးကျေးရွာနဲ့ သစ်ချောက်ခင်ကျေးရွာအကြား ဖြူးမြို့နယ် ပကဖ နဲ့ ထိတွေ့မှု ဖြစ်တာ စစ်ခွေး ၁ ကောင်သေတယ်။ စစ်ခွေးတွေ ပြန်လည် ဆုတ်ခွာသွားတယ်” ဟု ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တက္ကသိုလ်ကျောင်း ပေါက်ဝမှ ထွက်လာပြီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ တက္ကသိုလ်ကျောင်း ပေါက်ဝမှ ထွက်လာပြီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ Local PDF တွေမှာ အခက်အခဲပေါင်းများစွာနဲ့ ရဲဘော်တွေနဲ့ ကျော်ဖြတ်နေရလို့ လိုအပ်နေတဲ့ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ရန်အတွင် ဒုံးပစ္စည်းများ ပြန်လည် နိုင်ရန်အတွက် ကျွန်တော်တို့ အဖွဲ့ကို ဝိုင်းဝန်း ကူညီပေးပို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ နယ်စီးမခြား ရွှေဘိုသား အဖွဲ့က အောင်ပွဲကိုလည်းယူ ဒရုန်းကို လည်းယူ ကမ်းပိန်းကိုလည်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု နယ်စည်းမခြားရွှေဘိုသား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စီးမခြားရွှေဘိုသား-LPDF Drone တပ်ဖွဲ့နှင့် ခင်ဦးမြို့နယ် နဂါးညီနောင် Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article