27 C
Yangon

အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံ စုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံ စုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံ စုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုအပိုင် ပဲခူးရိုးမထဲရှိ တောင်ယာတဲအတွင်း၌ အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံစုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၏ ဗျူဟာစစ်ကြောင်းမှ သွားရောက်ဖမ်းဆီးစဥ် ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ကောင်စီ တပ်သားထံမှ ၉ မမ သေနတ် အတို ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄ တောင့်၊ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် စစ်လွယ်အိတ် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားသည် မင်းလှမြို့နယ် အခြေစိုက် ခလရ ၁ တပ်ရင်းမှ တပ်သား “လက်ကပ်” ဖြစ်ပြီး ၄င်းသည် ကြို့ပင်ကောက်မြို့နယ်မှ ဗိုလ်ကြီးရန်နိုင်စိုးနှင့် အတူ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို လိုက်လံစုံစမ်းနေသူဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article