28 C
Yangon

ဖြူးနှင့် ဆိပ်ဖြူရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လေဖြတ်နေသည့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများရှိ

Must read

ဖြူးနှင့် ဆိပ်ဖြူရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လေဖြတ်နေသည့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများရှိ

ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်အတွင်းရှိ တောင်ကုန်းအင်းရွာ ၊ စက်ကုန်းရွာ ၊ ပေါက်ဇလုပ်ရွာ နှင့် ကျော်လှရွာ တို့ကို အကြမ်းဖက် စစ်တပ်က Jack Fighter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လေးငါးချက် ကျဲသွားတာ အသံတော်တော်ကျယ်တယ်။ ကျော်လှရွာက နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ကျန်တဲ့ရွာတွေ အခြေအနေတော့ မသိရသေးဘူး။ မနေ့က စစ်ခွေးတွေ ကားတွေနဲ့ အင်အားလာဖြည့်တာ အဲ့ဒါနဲ့ တော်လှန်ရေး တပ်တွေ နောက်ကိုဆုတ်သွားတာ စက်ကုန်းမှာ စစ်ခွေးတွေနေနေတာ မနေ့က ညနေနဲ့ ညဘက်တွေလည်း အသံတွေကြားရတယ် လက်နတ်ကြီးသံတွေကော စစ်ခွေးတွေက ကျော်လှရွာကို မသွားရဲဘူးလေ လေယဥ်နဲ့ကျဲတောင်မသွားရဲကျဘူး ချီးပန်းအောင် ကြောက်တာ မနေ့ကလည်း နည်းတာမဟုတ်ဘူး တက်လာတာ စက်ကုန်းကနေပပြီး ဆက်မတိုးရဲဘူး။ ကားတွေနဲ့ ကျည်တွေလား ဘာတွေလားတော့ မသိဘူး။ အစိမ်းတွေအုပ်ပြီး စစ်ခွေးတွေ လက်နက် ရိက္ခာဖြည့်တင်းနေတယ်။ စစ်ခွေးတွေလည်း ကားတွေထဲမှာပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေးဝရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လေဖြတ်နေသည့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း နွေဦးတော်လှန်ရေး – မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ် ၊ညောင်ဂွေး၀ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ထပ်မံပြီး ညောင်ဂွေးဝကျေးရွာ နှင့် ညောင်ဂွေးဝကျေးရွာ စာသင်ကျောင်းကို ဗုံးသီး ၁ လုံးနှင့် စက်လက်များဖြင့် ကျဲချ ပစ်ခတ် တိုက်ခိုက်ရာ လေဖြတ်နေသည့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article