26 C
Yangon

နောင်ချိုတွင် စစ်တပ်က စစ်အင်အားဖြည့်တင်းနေပြီး ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

Must read

နောင်ချိုတွင် စစ်တပ်က စစ်အင်အားဖြည့်တင်းနေပြီး ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ရန်ကုန်၊ ဩဂုတ် ၂၅

ရှမ်းပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်အင်အားဖြည့်တင်းနေ၍ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ပြောဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းတောင်၌ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLAနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ၉၀၂ တပ်စခန်းနှင့် ခမရ ၃၅၄ တပ်စခန်းတို့၍ လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း နောင်ချိုမြို့နယ် တောင်ခမ်း၊ နားရှိးရွာနှင့် မကျီး‌‌ရေရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် ၏ ၉၀၂ တပ်စခန်း၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် နားရှိးရွာ၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မကျီးရေရွာ ဘုန်းတော်ကြီးကျောင်းတို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ တောင်ခမ်းရွာ စစ်ကောင်စီ ၉၀၂ တပ်စခန်းတိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၁ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article