26 C
Yangon

သီပေါမြို့တွင် ၂၄ ရက်အတွင်း စစ်တပ်က ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၇ ဦးသေဆုံး

Must read

သီပေါမြို့တွင် ၂၄ ရက်အတွင်း စစ်တပ်က ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ စစ်တပ်၏ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

သီပေါမြို့ တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်ကောင်စီက အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးပြီး ၅၇ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်အထိ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင် ရာသို့ ဦးတည်ပြီး လက်နက်ကြီး ၆လုံးဖြင့် ပစ်ခတ်ရာ သီပေါမြို့ ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား ၁ ဦး ဦးခေါင်းပြတ် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထိုပြင် အသက် ၅၀ ကျော် အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၆၀ ကျော်အရွယ် အဖိုးအို ၁ ဦး ဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး အဆိုပါ ရွှေကျောင်းအနောက်ဘက်ရှိ အမျိုးသမီး ၁ ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article