26 C
Yangon

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများကြောင့် လူငယ်များ လုပ်ငန်းခွင် မသွားရဲ၊ နေအိမ်များတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရမှုများ အလွန်များပြားပြီး အလုပ်သမားရှားပါးမှုပြဿနာကြုံနေရ

Must read

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများကြောင့် လူငယ်များ လုပ်ငန်းခွင် မသွားရဲ၊ နေအိမ်များတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရမှုများ အလွန်များပြားပြီး အလုပ်သမားရှားပါးမှုပြဿနာကြုံနေရ

ရန်ကုန်၊ ​ဩဂုတ် ၂၅

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများကြောင့် လူငယ်များ လုပ်ငန်းခွင်တွင် အလုပ်မဆင်းရဲတော့ခြင်း နှင့်နေအိမ်များတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရမှုများ အလွန်များပြားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လမှစတင်ပြီး ရေနံချောင်းမြို့နယ်တစ်ဝန်းလုံးတွင် စစ်ကောင်စီတပ်များက လမ်းဆုံလမ်းခွများတွင် လူငယ်များကို ဖမ်းဆီးခြင်း၊ ရပ် ကွက် နှင့်ကျေးရွာများတွင် ညအချိန် ဧည့်စာရင်းဝင်စစ်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာများဖြင့် အတင်းအဓမ္မ လာရောက် ဆင့်ခေါ်နေခြင်းများကြောင့် ရေနံချောင်းမြို့ပေါ်နှင့် ကျေးရွာများမှ လူငယ်များမှာ အလုပ်မလုပ်ရဲ၊ နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“အခုကတော့ အရွယ်ကောင်း လူငယ်လေးတွေ လမ်းကို မထွက်ရဲကြတော့ဘူး ။ မြို့ပေါ်ရော ရွာဘက်တွမှာပါ လူငယ်လူရွယ်အားလုံးနီးပါးနေရပ်စွန့်ခွာကုန်ကြတယ်။ အရင်တုန်းက လက်ဖက်ရည်ဆိုင်ဆိုတာ လူငယ်တွေနဲ့ စည်ကားနေတာ။ အခု လက်ဖက်ရည်ဆိုင်လည်း လူမရှိ၊ စျေး တွေမှာလည်း လူမရှိဘူး။ အမျိုးသား လူငယ် ယောင်္ကျားလေး မရှိကြတော့တာ။ အဲဒီလို လူငယ်တွေမရှိလို့ တပ်၊ ရဲနဲ့ ပျူစောထီးတွေက နေ့လယ်ဘက်တောင် လိုက်ဖမ်းနေတာ။ ပန်းစိုက်နှမ်းစိုက် ယာလုပ်ငန်းခွင်တွေမှာလည်း လူငယ်တွေ မရှိကြတော့ဘူး။ မိန်းကလေးနဲ့ အဘိုးကြီးတွေ ၊ ကလေးလေးတွေ၊ အမျိုးသမီးကြီးတွေပဲ ကျန်တယ်” ဟု ရေနံချောင်းမြို့ပေါ်မှ ပွဲရုံပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

လက်ရှိ လယ်ယာလုပ်ငန်းခွင်၊ ရေနံချောင်းမြို့ပေါ်ရှိ ဆိုင်ကယ်ကယ်ရီ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လူငယ် အလုပ်သမားရှားပါးမှု ပြဿနာကိုပါ အကြီးအကျယ် ကြုံလာရကြောင်း ရေနံချောင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင်တချို့က ဆိုကြသည်။

“ယာလုပ်ငန်းခွင်တွေမှာ အလုပ်သမားရှားတယ်။ မြို့ပေါ်မှာလည်း ကယ်ရီဆွဲမယ့်သူတောင် သိပ်မရှိဘူး။ ရေသန့်ပို့တဲ့လူတောင် ရှာမရတော့ဘူး။ ပန်းရံသမားလည်း နည်းလာတယ်။ နေရာတိုင်း အလုပ်သမားရှားတာ။ အောက်ခြေအလုပ်ကစလို့ ရုံးပိုင်းဆိုင်ရာအထိ လူငယ် အလုပ် သမား ရှာမရတာ။ ရပ်ကွက်၊ မြို့ပေါ်နဲ့ ကျေးရွာတွေမှာ လူငယ်တွေ ပျောက်ကုန်တာ”ဟု ရေနံချောင်းမြို့မှ ပွဲရုံပိုင်ရှင်က ရှင်းပြသည်။

စစ်တပ်၊ ရဲနှင့် ပျူစောထီးများက တပ်သားသစ်စုဆောင်းရေး ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်သည့်အပြင် သက်ကြီးပိုင်း အမျိုးသားများကိုလည်း ဖမ်းဆီးပြီး ငွေညှစ် ခြိမ်းခြောက်တောင်းခံမှုများ လုပ်ဆောင်သဖြင့် ပြည်သူများမှာ ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေးနေသည့် အကြမ်းဖက် ပျူစောထီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article