ဒီကနေ့ ဩဂုတ် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲမှာ မြို့နယ်ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး လက်နက်ချအလင်းဝင်လာသလို စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
- ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးသလို ၁၀ ဦးကိုလည်း အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲစခန်း၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ရဲစခန်း အချူပ်ခန်းမှ အချုပ်သား ၁၆ ဦးထက်မနည်းကို ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar