29 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့လို မြို့ပြတိုက်ပွဲတွေ ဖြစ်လာရင် အခုစစ်ကောင်စီကဖွဲ့မယ့် အသက် ၃၅ နှစ် အထက် သက်ကြီးပိုင်း အမျိုးသားတွေ ပါတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမယ်ဆိုပြီး စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ နေပြည်တော ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေကို သင်တန်းမတက်ခင်က ၁ ဦးကို လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမယ်ဆိုပြီး ရွှန်းရွှန်းဝေအောင်ပြောခဲ့ပေမယ့် လက်တွေ့မှာ တော့ ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀မရဘူးလို့ လစာမရတဲ့ တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • စစ်စကိုင်းတိုင်း မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားက ကျေးရွာတွေမှာပါ စစ်မှုထမ်းဖို့ဆိုပြီး ပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး ၊ ဈေးဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေအထိ ဝင်ဖမ်းတာတွေပါ ရှိနေသလို ၊ ပြည်သူ အယောက် ၅၀ ကျော်လည်း ဖမ်းဆီးခံထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article