ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ထံ လက်နက်ယူဆောင်လာပြီး အလင်းဝင်၊ ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်
ရန်ကုန်၊ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား ဝင်းကိုသည် လက်နက် ၁ လက် ယူဆောင်လာပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ရဲတပ်သားတစ်ဦးပါ။ မနေ့က ညနေပိုင်းကမှ ပြည်သူတွေဆီကို အလင်းဝင်ရောက်ချင်တယ်လို့ ကမ်းလှမ်းလာလို့ ကျနော်တို့ သွားရာက် ကြိုဆိုခဲ့တာပါ။ သူနဲ့အတူပါလာတာက G3 သေနတ် ၁ လက် ရယ် ကျည် ၁၅ တောင့်ပါခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မတရားတဲ့ ဘက်ကနေ တရားတဲ့ဘက်ကို ကူးပြောင်း အလင်းဝင်လာလို့ ဝမ်းသား ဂုဏ်ယူမိတယ်။ အထူးဆုကြေးအနေနဲ့ ကျနော်တို့တပ်ရင်းအနေနဲ့ အလင်းဝင်လာသူကို သိန်း ၅၀ ဂုဏ်ပြုချီးမြှင့် ပေးလိုက်တယ်” ဟု တပ်ရင်း ၂၈ ဓါးမဆိုင်းတပ် တာဝန်ရှိသူ စွမ်းသူ့ မောင်က ပြောဆိုသည်။