24 C
Yangon

မြောင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြောင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်းအဖွဲ့က ပြောဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၉ မိနစ်ခန့်တွင် မြောင်မြို့နယ် အတွင်း အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone ၈ စီးဖြင့် ဗုံးသီး ၃၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဘက်မှ တော်လှန်ရေး တပ်ဖွဲ့များ တည်ရှိရာ နေရာများကို လက်နက်ကြီး ၂ ကြိမ် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သြဂုတ် လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြောင်မြို့နယ် အတွင်း အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone ၈ စီးဖြင့် ဗုံးသီး ၃၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် သြဂုတ် လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြောင်မြို့နယ် ​ကျောက်ရစ်စခန်းသိမ်း တိုက်ပွဲတွင်လည်း မြေပြင်အဖွဲ့များနှင့်အတူ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြောင်မြို့နယ် အတွင်း အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီစခန်းကို Fixed Wings Drone ၈ စီးဖြင့် ဗုံးသီး ၁၅ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်းပြည်သူ့ကာကွယ်​ရေး(ဝက်လက်)၊ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ (Team-6) DFJ-DROP FOR JUSTICE ၊ ဇာမဏီ အဖွဲ့၊ နန်းတတ်မင်း အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅) အဖွဲ့၊ Ayardaw falcon force အဖွဲ့နှင့်MRF အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article