26 C
Yangon

အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီက သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၀ ကျော်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ သြဂုတ် ၂၇

အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီက သတင်းမီဒီယာသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီး ထောင်ချထားကြောင်း နယ်စည်းမခြား သတင်းထောက်များ (RSF) က ထုတ်ပြန်ထားသည်။

ဩဂုတ် ၂၁ ရက်နေ့တွင် မွန်ပြည်နယ်မှ သတင်းမီဒီယာ သမားများ ဖြစ်သော ကိုထက်မြက်သူနှင့် ကိုဝင်းထွဋ်ဦးတို့ ၂ ဦးကို မွန်ပြည်နယ်ရှိ ၎င်းတို့ နေအိမ်၌ပင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်က စီးနင်း ဝင်ရောက်ပြီး ပစ်သတ်ခဲ့ကာ ထိုနေရာမှာပင် စစ်သားတွေက အလောင်းတွေကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

သတင်းထောက် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့က ရှုတ်ချလိုက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ခေါနုသုမ် သတင်းဌာနကို ထူထောင်ခဲ့သူ Pu Tuidim၊ Federal News ဂျာနယ်၏ အယ်ဒီတာ စိုင်းဝင်းအောင်သည် သတင်းတာဝန်များ ထမ်းဆောင်နေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

အလွတ်တမ်း သတင်းထောက်များဖြစ်သော အေးကော်၊ စိုးနိုင်တို့နှင့် မြတ်သူထွန်း (ဖိုးသီဟ) တို့သည်လည်း အကျဉ်းချ ခံထားရချိန် အတောအတွင်း သတ်ဖြတ် ခံခဲ့ရကြောင်း၊ မြတ်သူထွန်း (ဖိုးသီဟ) သည်လည်း အကျဉ်းထောင်ထဲတွင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှာစ၍ သတင်းမီဒီယာသမားများသည် အကြမ်းဖက် စစ်ကောင်စီ၏ အဓိကပစ်မှတ်ထားခြင်းကိုခံနေရပြီး မြို့ပေါ်ရှောင်တခင်စစ်ဆေးမှုများတွင်လည်း ဖုန်းများကို စစ်ဆေးရာမှ မီဒီယာနှင့် ဆက်နွယ်မှုရှိမရှိကို အဓိကစစ်ဆေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article