ဒီကနေ့ ဩဂုတ် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်မင်းအောင်လှိုင် က အစည်းအဝေးတွေမှာ သူတစ်ယောက်တည်း ၂ နာရီနီးပါး မရပ်မနား စကားတွေပြောပြီး ၊ ပြောခဲ့ပြီးတာတွေကိုလည်း ထပ်ကာထပ်ကာ ပြောနေတဲ့အတွက် အစည်းအဝေး တွေရဲ့ အချိန်ဟာ ၄ နာရီကျော် ကြာမြင့်လာတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- လာမယ့် ၂၀၂၅ ခုနှစ်မှာ ကြားကာလ တော်လှန်ရေးအစိုးရ နဲ့ TNLA နဲ့ ပြည်သူတွေ ပူးတွဲ စီမံအုပ်ချုပ်တဲ့ အစိုးရ ပေါ်ပေါက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြောဆိုလိုက်ပြီး ၊ သိမ်းပိုက်ထားတဲ့ မြို့တွေရဲ့ အုပ်ချုပ်ရေးယန္တရားအတွက် CDM ဝန်ထမ်းတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။
- ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအကျပ် တောင်းခံနေပြီး ၊ မြန်အောက်မြို့နယ်မှာလည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်တဲ့အတွက် ကျေးရွာတိုင်း စစ်မှုထမ်းဖို့ လူငယ်တွေ တောင်းခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar