ရန်ကုန်၊ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်နယ်မြေရဲစခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန် ကြားရေး တာဝန် ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန် မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီ၏ နယ် မြေရဲစခန်းကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ် ရင်း-MSPDFနှင့်အတူ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက စစ် ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး ၊ လက်နက်ငယ် ၊ Multi Wings ၊ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wings Drone များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်အထိ တိုက်ပွဲ ကြာမြင့်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲစတင်ချိန်မှစ၍ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁၈ လုံးပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် မွန်းတည့် ၁၂ နာရီအချိန် စခန်းသိမ်းပိုက်မိ ရန် အနည်းငယ်အလိုအချိန် စစ်ကောင်စီ၏တိုက် လေယာဉ် ၂ စီးဖြင့် ပစ်ကူပေး ဗုံးကျဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခြင်း အပါအဝင် ၁၃ ဦးဒဏ်ရာရရှိကာ ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ရှေ့က ဘန်ကာတွေလည်း ပြိုကုန်ပြီ၊ ဘန်ကာထဲပစ်နေတဲ့ သူတွေလည်း နောက် ပြန် ဆုတ်ပြေး သွားတာ၊ မြင်နေရတယ်။ စခန်းသိမ်းပိုက်ခါနီးမှ လေယာဉ် က ရောက်လာတာ။ လေယာဉ်မလာရင် အဲဒီစခန်းရပြီ။ သေတဲ့သူတွေကို ညမှောင်ရီတဲ့အချိန်မှာ ၄ လောင်းတစ်ခါမြှုပ်တယ်၊ နောက်တစ်ခါ ၃ လောင်းတစ်ခါမြှုပ်တယ်။ ဆိုက်တွဲနဲ့သယ်ပြီး တိတ်တဆိပ်မြေမြှုပ်သင်္ဂြိုလ်လိုက်တာ။ လူမသိ သူမသိ ညမှ ခိုးမြှုပ်တာ။ အခုဆိုရင် ကျောက်ရစ်ထဲကို ပြည်သူ တွေ အဝင်မခံတော့ဘူး၊ နင်းမိုင်းတွေ လည်းပတ်ပတ်လည်ထောင်ထားတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF စစ်ကြောင်းမှ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း ၊ Sagaing District Drone Force (SDDF) ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိတ္ထီလာ ခရိုင် အမှတ် ၂ တပ်ရင်း ၊ CDSOMမြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာ စစ် ကြောင်း၊ MRF (စားဖို) စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဓာတ်ပုံ – မြောင်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar