27 C
Yangon

ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် အဆင်ပြေ ချော မွေ့စွာ ထွက်ခွာနိုင်ရေး သတင်းရဲတပ်ဖွဲ့နှင့် လေကြောင်းရဲတပ်ဖွဲ့က ငွေကြေးရယူ ပို့ပေးသည့် စျေးကွက်ကြီးဖြစ်ထွန်းလာပြီး အနည်းဆုံးငွေကျပ် ၅ သိန်းမှ သိန်း၂၀ အထိ စျေးပေါက်နေ

Must read

ယနေ့ နံနက်ပိုင်း စင်ကာပူသို့ PV ဖြင့် ထွက်ခွာသည့် အမျိုးသမီးငယ်တချို့ လေဆိပ်ပူးပေါင်းအဖွဲ့ကို တစ်ဦးလျှင် ဒေါ်လာ ၄၀၀ ပေးရ

ရန်ကုန်၊ ဩဂုတ် ၂၉

အကြမ်းဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်များဖြင့် ပြည်ပနိုင်ငံများသို့ လူငယ်များ ထွက်ခွာမှုကို စိစစ်တားမြစ်မှုများလုပ်ဆောင် လာပြီးနောက် ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး သတင်းရဲတပ်ဖွဲ့နှင့် လေကြောင်းရဲတပ်ဖွဲ့က ငွေကြေးရယူ ပို့ပေးသည့် စျေးကွက်ကြီးဖြစ်ထွန်းလာနေကြောင်း စုံစမ်းသိရှိရသည်။

ယခုဩဂုတ်လဆန်းပိုင်းမှစတင်၍ စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများကို စိစစ်တားမြစ်မှုများ လုပ် ဆောင်လာရာ အရေအတွက်များပြားသော လူငယ်များမှာ ပြည်ပထွက်ခွင့်မရတော့ဘဲ လေဆိပ်မှပင် အိမ်ပြန်ခိုင်းမှုများ များပြားနေကြောင်း၊ စစ်ကောင်စီ ၏ ဩဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများကို တားမြစ်မည်ဖြစ်ကြောင်း အကြောင်းပြခဲ့သော်လည်း လက်တွေ့တွင်မူ ဟိုတယ်ဘိုကင်၊ အပြန်လေယာဉ်လက်မှတ်၊ Show Money ပြနိုင်သော သူများကိုပင် လေဆိပ်မှ ထွက်ခွာခွင့်မပြုကြောင်း သိရှိရသည်။

PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာလိုလျှင် လိုအပ်သော စာရွက်စာတမ်း အထောက် အထားများ အပြည့်အစုံ တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ်တာဝန်ကျအဖွဲ့နှင့် ကြိုတင် ချိတ်ဆက်ထားရမည်ဖြစ်ကြောင်း၊ ငွေကြေးကိုလည်း ကြိုတင်ပေးချေထားရမည်ဖြစ်ပြီး အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း လူငယ်အမျိုးသားဖြစ်လျှင် ငွေကျပ်သိန်း ၂၀ အထိ လေဆိပ်ရဲနှင့် သတင်းရဲတပ်ဖွဲ့က တောင်းယူကြောင်း၊ အနိမ့်ဆုံးပေါက်စျေးမှာ ငွေကျပ် ၅ သိန်းရှိနေကြောင်း သိရှိရသည်။

“အထောက်အထားအစုံအလင်တော့ ပါရတယ်။ Show Money ၊ အပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင် ၊ ဗီဇာကလည်း အလည်အပတ် ဗီဇာဖြစ်ရမယ်။ လူငယ် အမျိုးသားဆိုရင်တော့ သိန်း ၂၀ အထိ ပေးရတယ်။ အသက် ၄၀ အထက်နဲ့ အမျိုးသမီး PV ဆိုရင် ၅ သိန်းပဲ။ လေ ကြောင်းရဲက လုပ်သလို၊ SB ရဲတွေကလည်း လုပ်ပေးတယ်။ ကြိုတင် ချိတ်ဆက်ထားပြီး ထွက်မယ့်နေ့၊ လေယာဉ်၊ နာမည်အပြည့်အစုံ ကြိုပေးရတယ်။ VIP Service လို့ခေါ်တယ်။ လေဆိပ်က ပြန်မလွှတ်အောင် ဝန်ဆောင်မှုပေးတာ။ ကိုယ့်ဘက်ကတော့ သက် သေအထောက် အထား အကုန်ပါအောင်ယူသွားရတယ်” ဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လူငယ်များအပေါ် တင်းကျပ်စိစစ်မှုများသည် စစ်ကောင်စီယန္တရားက ငွေညှစ်ဂွင်ဖန်မှုများ အကြီးအကျယ် လုပ်ဆောင်လာကြောင်း သိရှိရသည်။

ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် Myanmar National Airline မြန်မာအမျိုး သားလေကြောင်း၊ UBA1 / UB1 ဖြင့် စင်ကာပူနိုင်ငံသို့ PV နိုင်ငံကူးလက် မှတ်ကိုင်ဆောင်၍ ထွက်ခွာသွားသည့် အမျိုးသမီးငယ် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀ လေဆိပ် ပူးပေါင်း တာဝန်ကျအဖွဲ့ကို ခရီးသွားအေ ဂျင်စီများနှင့် ချိတ်ဆက်၍ ပေးဆောင် ထွက်ခွာရကြောင်း သိရှိရသည်။

“ဒီနေ့မနက် စလုံး(စင်ကာပူ) ထွက်ကြတဲ့မိန်းခလေးတွေ တစ်ဦးကို အမေရိကန်ဒေါ်လာ ၄၀၀ ပေးရတယ်။ လေဆိပ်ကနေ ပြန်မလွှတ်အောင်။ အေးဂျင့်တွေကလည်း လုပ်စားကြတယ်။ အေးဂျင့်တွေက စလုံး(စင်ကာပူ) အထိလိုက်ပို့တယ်။ အေးဂျင့်အတွက် စလုံး အသွားအပြန်လေ ယာဉ်လက်မှတ်ခပါ အမျိုးသမီးလေး တွေက စုပေါင်းပေးရတာ။ လေဆိပ်ကနေ လှည့်မပြန်ရအောင် မရှိ၊ ရှိတာ အကုန်ရောင်းပြီး ထွက်ကြရတာ။ ဒီမနက် ၇ နာရီခွဲ ရန်ကုန်-စင်ကာပူ လေယာဉ်နဲ့ ထွက်သွားကြပြီ” ဟု ယနေ့ နံနက်ပိုင်း စင်ကာပူထွက်ခွာသွားသည့် အမျိုးသမီးငယ်တစ်ဦး ၏ မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အထိ အမျိုးသားလူငယ်များကိုလည်း PJ အလုပ် အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အလုပ်ထွက်ခွင့်များကိုလည်း ပိတ်ပင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်တွင် ယခုနှစ်မတ်လအတွင်း ပြည်ပထွက်ခွာသူများကိုတွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်တွင် ယခုနှစ်မတ်လအတွင်း ပြည်ပထွက်ခွာသူများကိုတွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article