26 C
Yangon

မန္တလေးတွင် စစ်ပွဲ မဖြစ်ရေး ဆန္ဒပြသူများမှာ မန္တလေးပြည်သူများမဟုတ်ဘဲ ပခုက္ကူနှင့် ပေါက်မြို့နယ်မှ ပျူစောထီး အများအပြား ပါဝင်ခဲ့

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီထောက်ခံသူများ ဦးဆောင်သော ယမန်နေ့ စစ်မဖြစ်ရေး ဆန္ဒပြသူများတွင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်မှ ပျူစောထီး အများအပြား ပါဝင်ကြောင်း ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် မန္တလေးမြို့ပေါ်တွင် စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်လော်ဘီများ အပါအဝင် စုစုပေါင်း လူအင်အား ၂၀၀ ကျော်က စစ်မဖြစ်ရေး ဆန္ဒပြသည်ဟုဆိုကာ မော်တော်ယာဉ်များဖြင့် လှည့်လည်ခြင်း၊ လမ်းလျှောက်ချီတက်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းသို့ စစ်ပွဲ မဖြစ်ပွားရေး ဆန္ဒပြသူများတွင် မန္တလေးမြို့ခံများ ပါဝင်မှု အလွန်နည်းပါးပြီး ပါဝင်သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ဆန္ဒပြသူတွေက မန္တလေးမြို့ပေါ်က လူတွေတော့မဟုတ်ဘူး။ မန္တလေးမှာ စစ်ပွဲ မဖြစ်ရေးဆိုပြီး မန္တလေးမြို့ခံမဟုတ်တဲ့သူတွေ လုပ်တဲ့ ဆန္ဒပြပွဲပေါ့” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆန္ဒပြပွဲမှ ဓာတ်ပုံများကို ရယူ၍ မဘသ ကွန်ရက်နှင့် ပျူစောထီး သတင်းရင်းမြစ်တချို့ထံသို့ ဆက်သွယ် မေးမြန်းရာ မန္တလေးမြို့ ဆန္ဒပြပွဲ ပါဝင်သူများတွင် ပခုက္ကူမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် စစ်တပ်လော်ဘီ ပေါက်ကိုယ်တော်၏ တပည့် ပျူစောထီးအဖွဲ့ အများအပြား ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

“မန္တလေးဆန္ဒပြပွဲမှာပါတာက ပခုက္ကူမြို့နယ် ဇီးကုန်းရွာက ပျူစောထီးတွေအများကြီးပဲ။ မျက်နှာတွေက အကုန်ရင်းနှီးပြီးသားတွေပဲ။ ၃၀ ဦးလောက်တော့ ဇီးကုန်းရွာက လူတွေ။ အဲဒီဇီးကုန်းရွာသား ပျူစောထီးတွေက မန္တလေးရောက်နေတာလား၊ မန္တလေးကို ခေါ်ထားတာလား အဲဒါတော့ သေချာမသိဘူး။ ” ဟု ပခုက္ကူမြို့၊ ဇီးကုန်းကျေးရွာမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်တပ်လော်ဘီ ပေါက်ကိုယ်တော်၏ တပည့် ပျူစောထီးအဖွဲ့များလည်း မန္တလေး စစ်ပွဲမဖြစ်ရေး ဆန္ဒပြပွဲတွင် တက်ရောက်ခဲ့ကြပြီး အလံကိုင်ဆောင်သူများမှာ ပေါက်ကိုယ်တော်၏ တပည့်ရင်း ပျူစောထီးများဖြစ် ကြောင်း၊ ပေါက်ကိုယ်တော်၏ မွေးရပ်မြေ ဒေါင်းသာကျေးရွာမှ လူတချို့လည်း ပါဝင်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article