27 C
Yangon

စစ်တွေမြို့အနီး AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ Non CDM ဝန်ထမ်းများနှင့် ပြည်သူ များကို ထွက်ခွင့်မပေးဘဲ စစ်တပ်က ပိတ်ဆို့ထား

Must read

စစ်တွေမြို့အနီး AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ Non CDM ဝန်ထမ်းများနှင့် ပြည်သူ များကို ထွက်ခွင့်မပေးဘဲ စစ်တပ်က ပိတ်ဆို့ထား

ရန်ကုန်| ဩဂုတ် ၃၁

ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေး ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။

အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။

ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။

အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ပစ်ခတ်ကြတာမဟုတ်ဘဲ စစ်ကောင်စီ စစ်သင်္ဘောတွေက AA ရှိရာအနီးကို ရောက်ရှိလာကြောင့် ပစ်ခတ်ကြတာဖြစ်တယ်လို့ ဒေသခံ စစ်ရေးသိသူတွေက ဆိုပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ ညမှာပဲ အမြင့်ကျွန်းနဲ့ မိုးစဲကျွန်းကြား မြစ်အလယ်မှာ သွားလာနေတဲ့ စစ်သင်္ဘောတစ်စီးက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ မိုးစဲကျွန်းမှာရှိတဲ့ ဆားပြင်ကြီး ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီမှာလည်း ပစ်ခတ်သံတွေကြားနေရပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။

စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့တဲ့ ဇွန်လ နောက်ပိုင်း ပထမဆုံး တိုက်ပွဲဖြစ်ကြပေမဲ့လည်း စစ်ကောင်စီနဲ့ AA က တော့ တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်တွေမြို့ကို ရေလမ်း၊ ကုန်လမ်းတွေအားလုံး ဖြတ်တောက်ထားပြီး စစ်တွေမြို့အဝင် အမြင့်ကျွန်းတံတားကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မိုင်းခွဲဖျက်ဆီးထားပါတယ်။

စစ်တွေမြို့နယ်မှာ ယခုဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကနေ တိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိနိုင်ပြီး အဲဒီဒေသအတွင်း ပိတ်မိနေကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းသူတွေ ရှိနေကြပါတယ်။

လက်ရှိမှာတော့ စစ်တပ်က Non-CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်တွေမြို့ကနေ ထွက်ခွင့်မပေးဘဲ ပိတ်ဆို့တားဆီးထားတယ်လို့ ဒေသပြည်သူတွေက ပြောဆိုကြပါတယ်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်း မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သော AA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article