27 C
Yangon

မင်းတုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ထုတ် ဘီယာ ရောင်းချနေမှုများကို စစ်ဆေးအရေးယူ

Must read

မင်းတုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ထုတ် ဘီယာ ရောင်းချနေမှုများကို စစ်ဆေးအရေးယူ

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ထုတ် ဘီယာ ရောင်းချနေမှုများကို စစ်ဆေးအရေးယူခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့‌တွင် မင်းတုန်းမြို့နယ်ရှိ ကြက်လောင်းရွာနှင့် မင်းတပ်ရွာများတွင် အကြမ်းဖက် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းချနေသည်ကို မင်းတုန်းမြို့နယ် ပကဖ က စစ်ဆေး တွေ့ရှိခဲ့ပြီး ရောင်းချနေသူများကို ဆက်လက် ရောင်းချခြင်းမပြုလုပ်ရန် အသိပေး ပြောကြားခဲ့ပြီး ဘီယာ အားလုံးကို သိမ်းဆည်းကာ ပနီချောင်းအတွင်းသို့ မျှောချ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အဲ့တာက ၂၆ ရက်နေ့ကဆိုတော့ လူတွေကိုတော့ အဲ့တုန်းက အရေးမယူသေးပါဘူး။ ၃၀ ရက်နေ့နောက်ပိုင်း တွေ့ရှိတာတွေကိုတော့ လူတွေကိုပါ အရေးယူတော့မှာပါ” ဟု မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။

မင်းတုန်းမြို့နယ် ပကဖ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ထုတ်ကုန်များ ကင်းစင်သော နယ်မြေဖြစ်လာရန် အစွမ်းကုန်ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article