26 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်ထက်မှာ အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံတွေ လျှော့ချခံရတဲ့ အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေတွေကိုလည်း သုံးစွဲလို့ မရပဲဖြစ်နေတယ်ဆိုပြီး ပြောဆိုသွားပြန်တယ်လို့ သိရပါတယ်။
  • မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့ဝင် (TNLA) အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ပေးပို့တဲ့ ခြိမ်းခြောက်စာဟာ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ရိုင်းရိုင်းပျပျ ခြိမ်းခြောက်စော် ကားမှုအဖြစ် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြစ်ဖြစ် ၊ နိုင်ငံထဲက လူမျိုးတစ်မျိုးကိုပဲဖြစ်ဖြစ် ၊ မည်သူ့တိုင်း တပါးကမှ နိုင်ငံရေးအရရော စစ်ရေးအရပါ ခြိမ်းခြောက်ဟန့်တားပိတ်ပင်ပိုင်ခွင့်မရှိဘူးလို့ NUCC က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
  • MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ ကျန်းမာရေးဌာနကို CDM ဝန်ထမ်းတွေနဲ့ ပြန်လည် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မှာ ဖြစ်သလို ၊ တော်လှန်ရေးဘက်မှာ ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေ အားလုံး လုပ်ငန်းခွင် ဝင်မယ်ဆိုရင် စာရင်းပေးသွင်းနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article