ရန်ကုန်၊ စက်တင်ဘာ ၁
ရန်ကုန်မြို့တွင် ” ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ် ” ဆိုသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းကို ယနေ့ ချိတ်ဆွဲကြောင်း သိရှိရသည်။
အာဏာရှင်စနစ်၏ အကျိုးသက်ရောက်မှုအနေဖြင့် ကျွန်တော်တို့ ပြည်သူလူထုတိုင်းသည် အထွေ ထွေ ကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရကြောင်း၊ ပြည်သူလူအနေဖြင့် ကျပ်တည်းမှု ဒုက္ခတိုင်းကို ဆက်လက်ငုံ့ခံနေမည်ဆိုလျှင် နောင်အချိန်ကာလတွင် ယခု ဖြစ်ပေါ်နေသော အခြေ အနေများထပ် ဆိုးသည့်အခြေအနေများကို ပြည်သူလူထုကြီးအနေဖြင့် ကြုံတွေ့ရမည်မှာ မလွဲမသွေပင် ဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒုက္ခတွေကို ငုံခံမယ့်အစား ဒုက္ခကို ဖြစ်စေသည့် အာဏာရှင်စနစ်အား ရရာနည်းလမ်းမျိုးစုံဖြင့် တော်လှန်ပုန်ကန်ဖို့ လိုအပ်ကြောင်း ရန်ကုန်လူငယ်များက တိုက်တွန်း လှုပ်ရှားခဲ့သည်ဟု သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar